ပြီးခဲ့သည့်တစ်ပတ်က ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ခရိုင်တွင် ရေလွှမ်းမိုးမှု ဆိုးရွားစွာ ကြုံတွေ့နေရစဉ် စက်လှေဖြင့် သွားရောက် ကယ်ဆယ်ခဲ့သည့် ယူဒုံးဆာဝမ်မီသာသမ် ဖောင်ဒေးရှင်းမှ အဖွဲ့သည် ပိုင်ရှင်မဲ့ ဝက်ကလေးတစ်ကောင်ကိုပါ ကယ်တင်ခဲ့ပြီးနောက် မွေးစားရန် ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါဝက်ကလေးကို အိမ်ခေါင်မိုးပေါ်တွင် တွေ့ရှိရပြီး ခြေနှင့်လက်များတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကာ ပိုင်ရှင်ရှာဖွေမတွေ့ရှိရသောကြောင့် ကယ်ဆယ်ရေးအဖွဲ့က ၎င်းတို့၏ ယူဒုံဌာနီခရိုင်ရှိ ဌာနသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ မွေးစားမည့်သူမှာ ဘုန်းကြီးကျောင်း ကပ္ပိယတစ်ဦးဖြစ်ပြီး ၆၀ ကီလိုဂရမ် အလေးချိန်ရှိသည့် ဝက်အထီးလေးအား ထိုင်းအမည်ဖြစ်သည့် ဘွန်ရော့ (မောင်ကံကောင်း) ဟု အမည်ပေးခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။


