ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြိုအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (The Global Fund) ရုံးချုပ်မှ Senior Fund Portfolio Manager Ms. Qi Cui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။ယင်းသို့ တွေ့ဆုံစဉ် ၂၀၂၆ ခုနှစ်အတွက် ဝန်ကြီးဌာနနှင့် The Global Fund တို့အကြား ပူးပေါင်းဆောင်ရွက်မည့် တီဘီရောဂါ၊ ခုခံကျကာလသားရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၊ အေအာရ်တီဆေးဝါးများ၊ တီဘီဆေးဝါးများနှင့် ငှက်ဖျားရောဂါကုသရေးဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။



