back

တရုတ်စက်မှုလုပ်ငန်းစတော့ရှယ်ယာများ နှေးကွေးစွာ ပြန်လည်မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု စတင်ရရှိ

Dec 02 • 5:27 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်စက်မှုလုပ်ငန်းစတော့ရှယ်ယာများ နှေးကွေးစွာ ပြန်လည်မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု စတင်ရရှိ

ရင်းနှီးမြှုပ်နှံမှုမန်နေဂျာများသည် တန်ဖိုးမြင့်တက်နေမှုနှင့် ပုံမှန်အမြတ်အစွန်းရရှိနေမှုကြောင့် တရုတ်စက်မှုလုပ်ငန်းစတော့ရှယ်ယာများကို ကောက်ယူနေကြပြီး၊ ၎င်းသည် ...

ရင်းနှီးမြှုပ်နှံမှုမန်နေဂျာများသည် တန်ဖိုးမြင့်တက်နေမှုနှင့် ပုံမှန်အမြတ်အစွန်းရရှိနေမှုကြောင့် တရုတ်စက်မှုလုပ်ငန်းစတော့ရှယ်ယာများကို ကောက်ယူနေကြပြီး၊ ၎င်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပြန်လာအောင် ဆွဲဆောင်နေကာ နှစ်နှစ်သက်တမ်းရှိ အီကွီတီရှယ်ယာ မြင့်တက်မှုကို ပုံအောထားခြင်းဖြင့် စီးပွားရေးခက်ခဲသည့်ကာလကို ရင်ဆိုင်နိုင်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ တရုတ်၏ အဓိကတန်ဖိုးအမြင့်ဆုံးစတော့ရှယ်ယာအညွှန်းကိန်း CS1300 မှာ နှစ်ဆန်းပိုင်းမှ ယခုထိ ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး၊ ဟောင်ကောင်၏ Hang Seng (HIS) မှာလည်း ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ရာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အခိုင်မာဆုံး နှစ်စဉ်မြင့်တက်မှုဖြစ်သည်။ Morgan Stanley မှ အကြီးအကဲ တရုတ်အီကွီတီမဟာဗျူဟာသမား Laura Wang က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တရုတ်ကို တစတစ ပြန်လည်ခွဲတမ်းချနေသည့် ဖြစ်စဉ်၏အစမှာသာ ရှိသေးကြောင်း ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ စတော့ဈေးတက်မှု၏နောက်အဆင့်ကို အခြေခံကျသည့် တိုးတက်မှုများနှင့် ဝင်ငွေတိုးပွားလာမှုများက မောင်းနှင်သွားဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုမန်နေဂျာများက ခန့်မှန်းထားသည်။

news-view-count-icon

17