ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ် ကစားသမားစာရင်း ထုတ် ပြန်၊မေထက်လူပါဝင်လာ

Dec 02 • 2:37 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ် ကစားသမားစာရင်း ထုတ် ပြန်၊မေထက်လူပါဝင်လာ

ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား(ဆီးဂိမ်း) ဘောလုံးပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏အပြီ...

ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား(ဆီးဂိမ်း) ဘောလုံးပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏အပြီးသတ်ကစားသမားစာရင်းတွင် တိုက်စစ်မှူးမေထက်လူပါဝင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထုတ်ပြန်ချက်အရသိရသည်။အဆိုပါပြိုင်ပွဲအတွက် အပြီးသတ် ရွေးချယ်ထားသည့် ကစားသမား ၂၃ ဦးစာရင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယမန်နေ့(ဒီဇင်ဘာ(၁)ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းတွင် ဝါရင့်ကွင်းလယ်ကစားသမား ခင်မာလာထွန်း အပါအဝင် အဓိကကစားသမားအများစုကို ရွေးချယ်ထားသည်။သို့သော် ၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ဒုတိယဆုရ မြန်မာအမျိုးသမီးအသင်းတွင် ပါဝင်ခဲ့သောနန်းဖြူဖြူသွယ်၊ခင်မျိုးသန္တာထွန်း၊ ဆီးဂိမ်းပြိုင်ပွဲအကြိုလေ့ကျင့်မှုများတွင် ယူ-၂၀အသင်းမှ ခေါ်ယူအားဖြည့်ခဲ့သည့် တောင်ပံကစားသမား အိသက်ဖြိုး စသည့်ကစားသမားများပါဝင်လာခြင်းမရှိပေ။မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့်ဒီဇင်ဘာ ၂ ရက် (ယနေ့)တွင် ပြိုင်ပွဲလက်ခံ ကျင်းပမည့် ထိုင်းနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။ယင်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စု(B) တွင် ဗီယက်နမ်၊ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့်တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စု(ဗ)တွင် အိမ်ရှင် ထိုင်း၊စင်ကာပူ၊ အင်ဒိုနီးရှားအသင်းတို့ကျရောက်လျက်ရှိသည်။အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ချောင်ဘူရီမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအမျိုးသမီး

အသင်းအနေဖြင့် ဒီဇင်ဘာ ၅ ရက်ညနေ ၃ နာရီခွဲတွင် ဖိလစ်ပိုင်အသင်းနှင့် ပွဲဦးထွက် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

39