back

၂၀၂၅ ထိုင်းဆီးဂိမ်းကို မြန်မာနိုင်ငံက အားကစားသမား ၁,၄၇၇ ဦးဖြင့် အားကစားနည်း ၃၆ မျိုးတွင် ယှဉ်ပြိုင်မည်

Dec 02 • 2:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၅ ထိုင်းဆီးဂိမ်းကို မြန်မာနိုင်ငံက အားကစားသမား ၁,၄၇၇ ဦးဖြင့် အားကစားနည်း ၃၆ မျိုးတွင် ယှဉ်ပြိုင်မည်

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို ထိုင်းနိုင်ငံက ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အားကစား...

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို ထိုင်းနိုင်ငံက ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၆ မျိုးတွင် လက်ရွေးစင် ၁,၄၇၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ အိမ်ရှင်ထိုင်းနှင့် မလေးရှားပြီးလျှင် ပြိုင်ပွဲဝင်အင်အား တတိယအများဆုံးဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်တွင် ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး၊ အားကစားနည်းအများစုကို ဘန်ကောက်နှင့် ချွန်ဘူရီပြည်နယ်တို့တွင် ပြုလုပ်မည်ဖြစ်သည်။ မြန်မာ့အားကစားအဖွဲ့သည် ရေကူး၊ ပြေးခုန်ပစ်၊ ဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်းအပါအဝင် စုစုပေါင်း ၃၆ မျိုးတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းတွင် ရွှေ ၂၁ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၈ တွင် ရပ်တည်ခဲ့သည်။

news-view-count-icon

55