ဆီးဂိမ်း အမျိုးသား ယူ-၂၂ ဘောလုံးပြိုင်ပွဲကိုတော့ မနက်ဖြန် (ဒီဇင်ဘာ ၃)မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စတင်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ မနက်ဖြန် (ဒီဇင်ဘာ ၃ရက်နေ့)၊ မြန်မာစံတော်ချိန် ညနေ (၃း၃၀)အချိန်မှာ အုပ်စု(B) ပွဲဦးထွက်ပွဲစဥ်အဖြစ် ဗီယက်နမ်အသင်းနဲ့ လာအိုအသင်း၊ မြန်မာစံတော်ချိန် ည(၆း၃၀)အချိန်မှာ အုပ်စု(A) ပွဲဦးထွက်ပွဲစဥ်အဖြစ် အိမ်ရှင်ထိုင်းအသင်းနဲ့ တီမောအသင်းတို့ စတင်ယှဥ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဥ်နှစ်ပွဲလုံးကိုတော့ ဘန်ကောက်မြို့ရှိ Rajamangala အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။



