back

အာဖဂန်နစ္စတန်မှာ ဗြိတိန်စစ်တပ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း အရာရှိဟောင်း ပြော

Dec 02 • 1:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဖဂန်နစ္စတန်မှာ ဗြိတိန်စစ်တပ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း အရာရှိဟောင်း ပြော

အာဖဂန်နစ္စတန်မှာ ဗြိတိန် အထူးတပ်ဖွဲ့တွေဟာ သံသယရှိသူတွေကို ကွပ်မျက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ပုံရကြောင်း၊ အဲဒီလုပ်ရပ်တွေကို ကွပ်ကဲအုပ်ချုပ်ရေး အဆင့်ဆင...

အာဖဂန်နစ္စတန်မှာ ဗြိတိန် အထူးတပ်ဖွဲ့တွေဟာ သံသယရှိသူတွေကို ကွပ်မျက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ပုံရကြောင်း၊ အဲဒီလုပ်ရပ်တွေကို ကွပ်ကဲအုပ်ချုပ်ရေး အဆင့်ဆင့်က ကျယ်ကျယ်ပြန့်ပြန့် သိထားပေမယ့်လည်း ဘာတစ်ခုမှာ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ဘူးလို့ အစိုးရ စုံစမ်း စစ်ဆေးရေးအဖွဲ့သို့ အကြီးတန်း ဗြိတိန် အရာရှိဟောင်း တစ်ဦးက ပြောကြားလိုက်ပါတယ်။ထိပ်တန်း အထူးလေကြောင်းတပ်ဖွဲ့ (SAS) က စစ်သားတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုက အာဖဂန်နစ္စတန်မှာ စစ်ပွဲအတွင်း လူ ၅၄ ဦးကို သံသယ ဖြစ်စရာကောင်းတဲ့ အခြေအနေတွေမှာ သတ်ဖြတ်ပစ်ခဲ့ကြောင်း ဘီဘီစီ ရုပ်သံမှတ်တမ်းက ဖော်ပြခဲ့ပြီးနောက် ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။တာလီဘန်တွေနဲ့ တခြား စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန် ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဗြိတိန်တပ်ဖွဲ့တွေရဲ့ ၂၀၁၀ နှစ်လယ်ပိုင်းကနေ ၂၀၁၃ နှစ်လယ်ပိုင်းအထိ ညအချိန် စီးနင်းမှုတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပါတယ်။SAS အပေါ် စွပ်စွဲချက်တွေအပါအဝင် အာဖဂန်နစ္စတန်မှာ ဗြိတိန်တပ်တွေ စည်းကမ်းချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရင်က ဗြိတိန်စစ်ဖက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု အများအပြား ပြုလုပ်ခဲ့ပေမယ့် ဥပဒေအရ စွဲချက်တင်ရလောက်အောင် လုံလောက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုရဲ့ ရည်ရွယ်ချက်က ဥပဒေပြင်ပ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် ရှိ၊မရှိ စစ်ဖက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို အသေချာ ဆောင်ရွက်ခဲ့ခြင်း ရှိ၊မရှိနဲ့ တရားမဝင် သတ်ဖြတ်မှုတွေကို ဖုံးကွယ်ထားသလား ဆိုတာတွေကို စုံစမ်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ဗြိတိန် အထူးတပ်ဖွဲ့က အာဖဂန်နစ္စတန်မှာ ဥပဒေမဲ့ သတ်ဖြတ်ခဲ့သူတွေထဲမှာ အပြစ်မရှိသူတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။



news-view-count-icon

21