မွန်ပြည်နယ်တွင် ကျားဖြန့်နှင့် ဆက်စပ်သူများဟုဆိုကာ ရှမ်းပြည်မှ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူ ရာနှင့်ချီကို ဘားအံနှင့် မော်လမြိုင် အထွက်များတွင် ဖမ်းဆီးခံထားရကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများထံမှ သိရသည်။နိုဝင်ဘာ ၃၀ ရက်အထိ အဖမ်းခံထားရသူ ၁၀၀ ကျော်ရှိနေပြီး အများစုမှာ ရှမ်းပြည်မြောက်ပိုင်းမှ ဖြစ်ကာ နယ်မြေဒေသ မအေးချမ်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် အလုပ်လာရှာသူများအပြင် သာမန် ခရီးထွက်သူများပါ ပါဝင်နေကြောင်း သိရသည်။ထို့ပြင် အဖမ်းခံရသူများ၏ ဖုန်းများကိုဖွင့်ခိုင်းပြီး Kpay ကဲ့သို့ အကောင့်များတွင် ကျပ် ၁၀ သိန်းကျော်ရှိပါက အသိမ်းခံနေရပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။



