တရုတ်ပြည်မကြီးတာဝန်ရှိသူများသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် ဖြစ်ပွား ခဲ့သော လူနေအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းမှုနောက်ပိုင်း ဘေးအန္တရာယ် တုံ့ပြန်ကယ် ဆယ်ရေး အတွက် အရေးပေါ်ထောက်ပံ့မှုများညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် နိုဝင်ဘာ ၂၉ ရက်၌ ယန္တရားတစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့သည်ဟု အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန (MEM)၏ ပြောကြားမှုအရ သိရသည်။အမျိုးသား မီးသတ်နှင့် ကယ်ဆယ်ရေးစီမံခန့်ခွဲမှုဌာနကလည်း မီးလုံးပါသော ဒရုန်းများ၊ ကင်းထောက် ဒရုန်းများနှင့် မီးသတ်ဘွတ်ဖိနပ်များပါဝင်သော ယခင်ကထောက်ပံ့ထားသည့် အရေးပေါ်ပစ္စည်းကိရိယာ များကို ထပ်မံဖြည့်တင်းသည့်အနေဖြင့် အကာအကွယ်ဘွတ်ဖိနပ်များနှင့် အခြားပစ္စည်းများကို HKSAR အစိုးရထံ ထပ်တိုးထောက်ပံ့ပေးခဲ့သည်ဟု MEM ၏ ပြောကြားမှုအရ သိရသည်။
Dec 01 • 3:59 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


