ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် အဆင့် ၃ နေရာမှ ချဲလ်ဆီးအသင်းတို့၏ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်မှာ ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ပွဲ၏ ပထမပိုင်း ၃၈ မိနစ်တွင် ချဲလ်ဆီးကစားသမား ကိုင်ဆေးဒိုးသည် အနီကတ်ပြခံရပြီး ၁ ယောက်လျှော့ ကစားခဲ့ရသော်လည်း ဒုတိယပိုင်း ၄၈ မိနစ်၌ ချာလိုဘာက ခေါင်းတိုက်ဂိုးသွင်းယူကာ ချဲလ်ဆီးကို ဦးဆောင်စေခဲ့သည်။ သို့သော် အာဆင်နယ်ဘက်မှလည်း ၅၉ မိနစ်တွင် ဆာကာကန်တင်ပေးသော ဘောလုံးကို မာရီနိုက ခေါင်းတိုက်ချေပဂိုး ပြန်လည်သွင်းယူခဲ့သောကြောင့် အမှတ်ခွဲယူခဲ့ရသည်။ အခြားသော ပွဲစဉ်များတွင် လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ဘရိုက်တန်၊ နယူးကာဆယ်၊ မန်စီးတီးတို့ အသီးသီး အနိုင်ရခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ထိပ်ဆုံးမှ အာဆင်နယ်နှင့် ချဲလ်ဆီးတို့ ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်
Dec 01 • 2:56 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


