back

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြောက်ဦးဓမ္မစင်တာရဲ့ တတိယအကြိမ် စုပေါင်းမဟာဘုံကထိန်အောင်ပွဲကျင်းပ

Dec 01 • 2:12 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြောက်ဦးဓမ္မစင်တာရဲ့ တတိယအကြိမ် စုပေါင်းမဟာဘုံကထိန်အောင်ပွဲကျင်းပ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြောက်ဦးဓမ္မစင်တာ(တိုကျို)ရဲ့ တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲကို ယမန်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။မြောက်ဦးဓ...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြောက်ဦးဓမ္မစင်တာ(တိုကျို)ရဲ့ တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲကို ယမန်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။မြောက်ဦးဓမ္မစင်တာသို့ရောက်ရှိတော်မူနေတဲ့ မြောက်ဦးဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝါယာမိန္ဒကိုအမှူးပြုပြီး မြောက်ဦးဓမ္မစင်တာက ဦးဆောင်ပြီးတော့ နိုဝင်ဘာလ ၃ဝ ရက်(နတ်တော်လဆန်း ၁၁ ရက်)မနက်မှာ အဲဒီစင်တာမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။"ဆရာတော်ကြီးရဲ့ နိုင်ငံတကာခရီးစဉ်အခက်အခဲကြောင့် လက အခုချိန်မှရတဲ့အတွက် ဒီနေ့ဒီရက်ကျမှ ကထိန်အောင်ပွဲဆိုပြီးတော့ လုပ်တာဖြစ်တယ်။ အောင်ပွဲဆိုတဲ့အထိမ်းအမှတ်က ကထိန်လမှာလုပ်တာမဟုတ်တဲ့အတွက် ဆရာတော်ကြီးရဲ့ ခရီးစဉ်အခက်အခဲကြောင့် အချိန်ကျော်လွန်ပြီးမှ လုပ်တာဖြစ်လို့ အောင်ပွဲလို့ ခေါ်တာပါ”လို့ မိန့်ပါတယ်။

news-view-count-icon

18