လက်ရှိ ရှမ်းတောင်မှာ ခရမ်းချဥ်သီး အထွက်နှုန်းနည်းလာပြီး ဗမာခရမ်းချဥ်သီးတွေလည်း စျေးကွက်ထဲ ဝင်ရောက်နိုင်ခြင်း မရှိသေးတဲ့အတွက် နိုဝင်ဘာလမှာ ခရမ်းချဥ်သီး စျေးနှုန်းမြင့်တက်လေ့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃,၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၂,၇၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၂,၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ လက်လီစျေးကွက်မှာတော့ ခရမ်းချဥ်သီး တစ်ပိဿာကို ၄,၀၀၀ မှ ၅,၀၀၀ ကျပ်အတွင်း စျေးရှိတယ်လို့ သိရပါတယ်။ယခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပေါ်နေတဲ့ ခရမ်းချဥ်သီး စျေးနှုန်း က ယခင်နှစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရဲ့ ခရမ်းချဥ်သီး စျေးနှုန်းနဲ့ ယှဥ်ပါက ထက်ဝက်လောက် လျော့ကျနေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တွင် ခရမ်းချဉ်သီးစျေးနှုန်း ပြန်လည်မြင့်တက်လာ
Dec 01 • 2:08 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


