ကျောက်တန်းမြို့နယ်ရှိ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော(Floating Storage Unit–FSU)၊ သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit)နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၊ သာကေတမြို့နယ်ရှိ သာကေတ ၃၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံတို့ကိုပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။ သီလဝါဆိပ်ကမ်း၌ FSU ဆိုက်ကပ်ထားရှိမှု၊ သိုလှောင်ထားသော LNG ဓာတ်ငွေ့ရည်ကို ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit)သို့ ပေးပို့နေမှု၊ LNG ကို သဘာဝဓာတ်ငွေ့ပြန်လည်ပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၌ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်ရုံဝင်းအတွင်း ဓာတ်အားပေးစက်များ စမ်းသပ်မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



