ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက (၁) ကျောင်းနံဘေးရှိ ကျောက်စိမ်းတုံးအဝိုင်းပတ်တွင် ခရစ္စမတ်အကြိုည (Sweet December) အတွက် ပြင်ဆင်ထားသည့် ခရစ္စမတ်သစ်ပင်ပေါ်၌ အလှဆင်ထားသောအရုပ်များ ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ယခင်နှစ်များတွင် လက်နှင့်လှမ်းမီသည့် အလှဆင်အရုပ်များကိုဖြုတ်ယူ ဖျက်ဆီးခံရသောကြောင့် ယခုနှစ်တွင် အောက်ခြေပိုင်းကို အလွတ်ချန်ထားသော်လည်း ပစ္စည်းများဖြင့် ပစ်ပေါက်ကာဖြုတ်ယူခံခဲ့ရသည်ဟု ဆိုသည်။



