back

ပြည်တွင်း၌ ရွှေဝယ်/ရောင်းပြုလုပ်ရာတွင်ကျပ်သိန်း (၁,၀၀၀) အထက်ဖြစ်ပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့ရန်ထုတ်ပြန်

Nov 30 • 7:42 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ ရွှေဝယ်/ရောင်းပြုလုပ်ရာတွင်ကျပ်သိန်း (၁,၀၀၀) အထက်ဖြစ်ပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့ရန်ထုတ်ပြန်

ပြည်တွင်း၌ ရွှေဝယ်/ရောင်းပြုလုပ်ရာတွင်ကျပ်သိန်း (၁,၀၀၀) အထက်ဖြစ်ပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) သို့ မပျက်မကွက် သတင်းပို့ရမည်ဖြစ်ကြောင်းရန်ကုန်တိ...

ပြည်တွင်း၌ ရွှေဝယ်/ရောင်းပြုလုပ်ရာတွင်ကျပ်သိန်း (၁,၀၀၀) အထက်ဖြစ်ပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) သို့ မပျက်မကွက် သတင်းပို့ရမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ထုတ်ပြန်လိုက်သည်။ထို့အပြင် ကျပ်သိန်း (၂၀၀) ကျော်နှင့်အထက်ဖြစ်ပါက MMQR စနစ်ဖြင့်ငွေပေးချေးမှုများပြုလုပ်ရမည်ဖြစ်ပြီး ရွှေဝယ်ခြင်း/ရောင်းခြင်းနှင့်သက်ဆိုင်သည့် ငွေကြေးလွှဲပြောင်းမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

‎အဆိုပါ ထုတ်ပြန်ချက်တွင် ရွှေဆိုင်၊ရွှေသန့်စင်လုပ်ငန်းနှင့်‌ေရွှပန်း ထိမ်လုပ်ငန်းလုပ်ကိုင်သူများအ‌ေနဖြင့် သတ်မှတ်ထားသည့် စံချိန်စံညွန်းနှင့်ကိုက်ညီသည့်အလေးချိန်ကို သတ်မှတ်ရည်ညွန်းဈေးဖြင့်သာရောင်းဝယ်ရမည်ဖြစ်သည့်အပြင် နေ့စဉ်/လစဉ်အရောင်းအဝယ်နှင့်လက်ကျန်အချုပ်စာရင်းကို လဆန်း၅ရက်အတွင်း မပျက်မကွက် တင်ပြရမည်ဖြစ်ကြောင်းဖော်ပြထားသည်။သတ်မှတ်ထားသည့် စံချိန်စံညွန်းကိုက်ညီသည့် ဓာတ်သတ္တုရွှေတစ်ကျပ်သားအလေးချိန်မှာ ၁၆.၃၂၉၃၂၅ ဂရမ်ဖြစ်ပြီးထိုအလေးချိန်ကို သတ်မှတ်ထားသော ဓာတ်သတ္တု‌(ရွှေ)ရည်ညွန်းဈေးဖြင့်သာ ရောင်းဝယ်ရမည်ဖြစ်ကြောင်း၊ထို့အပြင် ရွှေလုပ်ငန်းရှင်များမှ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိ ခန့်အပ်ထားရန်နှင့် ခန့်အပ်ထားပြီးသည့်အထောက်အထားများကို ရွှေဆိုင်တွင်ထားရှိရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

37