back

ပန်းပေါင်းသန်းချီပြသထားသည့် ချင်းမိုင်က ပန်းပွဲတော် ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ်သူ စည်ကားနေ

Nov 30 • 6:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ပန်းပေါင်းသန်းချီပြသထားသည့် ချင်းမိုင်က ပန်းပွဲတော် ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ်သူ စည်ကားနေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Charming Chiang Mai Flower Festival ပန်းပွဲတော်ကို နိုဝင်ဘာ ၂၈ ရက်ကစပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ Charming Chiang Mai Flower Festival ပန်းပွဲတော်ကို နိုဝင်ဘာ ၂၈ ရက်ကစပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။ပန်းပွဲတော်ကို Chiang Mai PAO Park မှာ မနက် ၈ နာရီခွဲကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ပြသနေပြီး ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။ပွဲတော်မှာ သစ်ခွတွေ အပါအဝင် ပန်းမျိုးစိတ်အများကြီးနဲ့ ပန်းပေါင်းသန်းချီ ပြသထားတယ်လို့ သိရပါတယ်။နေ့ဘက်မှာ ပန်းပင်အရောင်အစုံအလင်ကို မြင်တွေ့နိုင်ပြီး ညပိုင်းမှာတော့ မီးအလှဆင်ထားတာတွေ ရှိတာကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာက လာရောက်လည်ပတ်နေကြပါတယ်။ပန်းပွဲတော်မှာ မုန့်ဈေးတန်းတွေ အပါအဝင် တခြား ဖျော်ဖြေရေးမျိုးစုံနဲ့ လှပတဲ့ ရှုခင်းတွေကြောင့် လာရောက်လည်ပတ်သူတွေ များပြားနေပါတယ်။နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှာ အမြဲဆိုသလို ပွဲတော်အမျိုးမျိုး ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

news-view-count-icon

27