back

မွန်ပြည်နယ်ရှိ ရှေးဟောင်းအဆောက်အအုံများ ရှေးမူမပျက် ထိန်းသိမ်းရန် ဝန်ကြီးချုပ် မှာကြား

Nov 30 • 2:36 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်ရှိ ရှေးဟောင်းအဆောက်အအုံများ ရှေးမူမပျက် ထိန်းသိမ်းရန် ဝန်ကြီးချုပ် မှာကြား

မွန်ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပသည့် ရှေးဟောင်းအဆောက်အအုံ စိစစ်ဖော်ထုတ်ရေး ကော်မတီအစည်းအဝေးတွင် ပြည်နယ်အတွင်...

မွန်ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပသည့် ရှေးဟောင်းအဆောက်အအုံ စိစစ်ဖော်ထုတ်ရေး ကော်မတီအစည်းအဝေးတွင် ပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများကို ပျက်စီးယိုယွင်းမှုမရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် ပြုပြင်ထိန်းသိမ်းမှုများတွင် ရှေးမူလပုံစံမပျက် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။လက်ရှိတွင် မွန်ပြည်နယ်၌ နှစ်ပေါင်း ၁၀၀ အထက်ရှိသည့် သာသနာဆိုင်ရာ၊ ဌာနဆိုင်ရာ၊ အသင်းအဖွဲ့ပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများအပြင် ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလမ်ဘာသာရေး အဆောက်အအုံများကိုပါ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

19