ဇာတ်သဘင်အဖွဲ့အစည်းများအနေဖြင့် ဘာသာရေး၊ ယဉ်ကျေးမှုကို ထိခိုက်စေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ရှားကြရန်ဆိုသည့်အချက်အပါအဝင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က နိုဝင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။အဆိုပါ ကြေညာချက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သဘင်အမှုဆောင်များ၊ သဘင်တည်ထောင်သူများ တွေ့ဆုံဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။တည်ထောင်သူများ၊ မန်နေဂျာများ၊ အဖွဲ့မှ တာဝန်ရှိသူများက မိမိတို့အဖွဲ့၏ သဘင်အနုပညာရှင်များအပေါ် စည်းကမ်းတကျ ကာကွယ်ထိန်းသိမ်းနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ဖျော်ဖြေရေးပြုလုပ်သည့်နေရာတိုင်းကို တည်ထောင်ခွင့်၊ သဘင်အစည်းအရုံးဝင်ကတ်များ၊ လူဦးရေစာရင်း စာချုပ်မိတ္တူများပါ ယူဆောင်သွားကြရန်လည်း အသိပေးထားသည်။



