ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဖရားစမွတ်ချေဒီမြို့နယ်ရှိ အိမ်တစ်အိမ်အောက်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က မွေးကင်းစကလေးငယ်၏ ရုပ်အလောင်း စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး လူ့ရုပ်အလောင်း အစိတ်အပိုင်းများပါဝင်သည့် အိတ်တစ်လုံးကို ဖွတ်တစ်ကောင်က အိမ်အနီးသို့ ဆွဲယူနေသည်ကို သတိပြုမိချိန်၌ ဖြစ်သည်။ ထိုအိတ်အတွင်းတွင် ရဲတပ်ဖွဲ့က မွေးကင်းစ မိန်းကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ယင်းကလေးငယ်ကို နေအိမ်အောက် ရေတွင်နစ်မြုပ်ပြီး ပြန်ပေါ်မလာစေရန် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ကျောက်တုံးကြီးတစ်တုံးကိုပါ တစ်ပါတည်း တွေ့ရှိခဲ့သည်။ တရားခံအမျိုးသမီးက ရေချိုးနေစဉ်အတွင်း ရေချိုးခန်း၌ ချော်လဲကာ လဲကျသွားခဲ့ပြီး ထိုနောက် မကြာမီ သွေးဆင်းလာပြီး ကလေးမွေးဖွားခဲ့ရာ ထိုကလေးမှာ အသက်မရှိတော့ဟု သူမက ယူဆခဲ့သည်။ ထိုသို့ ဖွက်ထားသည်ကို ဖွတ်က အိတ်ကို ဆွဲယူလာပြီးမှ ဒေသခံတစ်ဦးက ကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။



