back

မာလာဝီ သမ္မတအိမ်တော်မှခွေးလေးကောင်ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးနေ

Nov 29 • 6:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

မာလာဝီ သမ္မတအိမ်တော်မှခွေးလေးကောင်ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးနေ

စက်တင်ဘာလ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလအတွင်း မြို့တော်လီလောင်းဝေးရှိ မာလာသမ္မတ အိမ်တော်မှ ရဲခွေးလေးကောင် ပျောက်ဆုံးသွားမှုကိုစုံစမ်း စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ...

စက်တင်ဘာလ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလအတွင်း မြို့တော်လီလောင်းဝေးရှိ မာလာသမ္မတ အိမ်တော်မှ ရဲခွေးလေးကောင် ပျောက်ဆုံးသွားမှုကိုစုံစမ်း စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။ယခင်သမ္မတ လာဇရုစ်ချက်ခ်ဝီရာ လက်ထက်တွင် သမ္မတအိမ်တော်ဒုတိယအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂေါ့ဖရေအာသာဂျာလာလီသည် ဂျာမန်သိုးထိန်းခွေးလေးကောင် ခိုးယူမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသည်။၎င်းက စွပ်စွဲချက်ကို ငြင်းဆိုထားသည်။ရွေးကောက်ပွဲတွင် သမ္မတ ပီတာမူသာရီကာကို ရှုံးနိမ့်ပြီးနောက် ချက်ခ်ဝီရာသည် သမ္မတအိမ်တော်မှ ထွက်ခွာသွားခဲ့ရသည်။ နိုဝင်ဘာ ၂၆ ရက်နှောင်းပိုင်းတွင် ရဲများက သမ္မတဟောင်းကို ဖမ်းဆီးခဲ့သည် ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။သိုသော် ခိုးယူခံရသော ခွေးများကို ထိုနေရာတွင် ထိန်းသိမ်းထားသည်ဟုသတင်းများထွက်ပေါ်ပြီးနောက် ၎င်း၏နေအိမ်အတွက် ရှာဖွေ၀ရမ်းကို ရယူခဲ့ကြောင်း အတည်ပြုခဲ့သည်။ဒေါ်လာ ၂,၃၀၀ တန်ဖိုးရှိသော ခွေးလေးကောင်ကို စက်တင်ဘာ ၁၉ ရက်မှအောက်တိုဘာ ၄ ရက်အတွင်း သမ္မတအိမ်တော်မှ ခေါ်ဆောင်သွားခဲ့ကြောင်းရှေ့နေများကပြောသည်။စက်တင်ဘာလ ရွေးကောက်ပွဲတွင် မဲအရေအတွက် ၃၃ ရာခိုင်နှုန်းဖြင့်ဒုတိယနေရာရရှိခဲ့သော ချက်ခ်ဝီရာသည် အထူးသဖြင့် အာဏာလွှဲပြောင်းချိန်တွင်အများပြည်သူ့အရင်းအမြစ်များကို စီမံခန့်ခွဲမှုညံ့ဖျင်းမှုဆိုင်ရာ စွပ်စွဲချက်များစွာနှင့်ရင်ဆိုင်နေရသည်။


news-view-count-icon

39