back

ထိုင်းနိုင်ငံ အထက်ပိုင်းမှာ ရာသီဥတု အေးမြပြီး လေပြင်းတိုက်‌၍Koto မုန်တိုင်း ဗီယက်နမ်ကို ဦးတည်နေ

Nov 29 • 4:29 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ အထက်ပိုင်းမှာ ရာသီဥတု အေးမြပြီး လေပြင်းတိုက်‌၍Koto မုန်တိုင်း ဗီယက်နမ်ကို ဦးတည်နေ

ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ လေဖိအားရပ်ဝန်း အားကောင်းနေတာကြောင့် ထိုင်းနိုင်ငံ အထက်ပိုင်းနဲ့ တောင်ပိုင်း (အထက်ပိုင်း)ဒေသ...

ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ လေဖိအားရပ်ဝန်း အားကောင်းနေတာကြောင့် ထိုင်းနိုင်ငံ အထက်ပိုင်းနဲ့ တောင်ပိုင်း (အထက်ပိုင်း)ဒေသတွေမှာ ရာသီဥတု အေးပြီး လေပြင်းတွေ တိုက်ခတ်နိုင်ပါတယ်။ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတချို့မှာတော့ ရာသီဥတု အလွန်အေးနိုင်ပြီး ကျန်တဲ့ ဒေသတွေမှာလည်း အပူချိန် အနည်းငယ် ထပ်ကျဆင်းပါမယ်။ဒါကြောင့် ရာသီဥတုအေးပြီး လေတိုက်တာကို ဂရုစိုက်ကြဖို့နဲ့ လေထုခြောက်သွေ့တာကြောင့် မီးဘေးအန္တရာယ် သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။တောင်ပိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်ဘက်မှာ လှိုင်းအမြင့် ၂ မီတာလောက် ရှိနိုင်ပြီး မိုးသက်လေပြင်းကျရင် ၂ မီတာထက် ပိုမြင့်နိုင်လို့ ရေကြောင်းသွားလာသူတွေ သတိထားမောင်းနှင်ကြဖို့ လိုပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ Koto မုန်တိုင်းနဲ့ မလေးရှားဘက်က လေဖိအားနည်းရပ်ဝန်းတွေကတော့ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မရှိနိုင်ပါဘူး။ Koto မုန်တိုင်းက နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၂ ရက်အတွင်းမှာ ဗီယက်နမ် ကမ်းရိုးတန်းကို ဝင်ရောက်နိုင်ပါတယ်။


news-view-count-icon

18