back

၁၀ လအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည့် ၅ ဒသမ ၈ သန်းကျော် ဝင်ရောက်ခဲ့ဟုဆို

Nov 29 • 2:40 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၁၀ လအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည့် ၅ ဒသမ ၈ သန်းကျော် ဝင်ရောက်ခဲ့ဟုဆို

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ၁၀ လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၅ ဒသမ ၈ သန်းကျော် လာရေ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ၁၀ လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၅ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။အဆိုပါကာလအတွင်း သံဃာတော် ၁၀၉,၂၁၆ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၅၈,၇၂၅ ပါး၊ အမျိုးသား ၂,၅၈၄,၂၄၀ ဦး၊ အမျိုးသမီး ၃,၀၇၉,၇၉၄ ဦး၊ နိုင်ငံခြားသား ၂၉,၆၁၉ ဦးနှင့် နိုင်ငံခြားသူ ၃၂,၃၂၄ ဦး၊ စုစုပေါင်း ၅,၈၉၃,၉၁၈ ဦးတို့ လာရောက်ဖူးမြော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စေတီတော်ကြီးသို့ ထိုကာလ၌ ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် အနည်းဆုံး လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နဲ့ ရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် လူဦးရေ ၁၀,၀၀၀ နှင့်အထက်အထိ ပိုမိုဝင်ရောက် ဖူးမြော်ခဲ့တယ်လို့ စေတီတော်ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။လအလိုက် ဘုရားဖူးဧည့်သည်ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီလမှာ ၅ သိန်းကျော်၊ ဖေဖော်ဝါရီလမှာ ၅ သိန်းကျော်၊ မတ်လမှာ ၉ သိန်းကျော်၊ ဧပြီလမှာ ၅ သိန်းကျော်၊ မေလမှာ ၆ သိန်းကျော်၊ ဇွန်လမှာ ၃ သိန်းကျော်၊ ဇူလိုင်လမှာ ၆ သိန်းဝန်းကျင်၊ ဩဂုတ်လမှာ ၅ သိန်းကျော်၊ စက်တင်ဘာလမှာ ၄ သိန်းကျော်နှင့် အောက်တိုဘာလမှာ ၇ သိန်းကျော် အသီးသီး လာရောက်ဖူးမြော်ခဲ့တာဖြစ်တယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စာရင်းများအရ သိရပါတယ်။

news-view-count-icon

33