back

တိုကျိုရှိ မြန်မာသံရုံးတွင် အချက်အလက်မပြည့်စုံသည့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်လွှာ ၉၀၀ ကျော်ရှိနေ

Nov 29 • 1:51 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

တိုကျိုရှိ မြန်မာသံရုံးတွင် အချက်အလက်မပြည့်စုံသည့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်လွှာ ၉၀၀ ကျော်ရှိနေ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်မှာ အချက်အလက်မပြည့်စုံသည့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုး လျှောက်လွ...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်မှာ အချက်အလက်မပြည့်စုံသည့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုး လျှောက်လွှာ ၉၀၀ ခန့် ရှိနေပြီး၊ ထိုလျှောက်လွှာများကို ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် သံရုံးအနေဖြင့် ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အထိကို စီမံချက်ကာလအဖြစ် သတ်မှတ်ကာ တာဝန်ရှိသူများက လျှောက်ထားသူများကို တိုက်ရိုက်ဆက်သွယ်ပြီး လိုအပ်သည့် အချက်အလက်များကို ထပ်မံတောင်းခံသွားမည်ဖြစ်သည်။ ထို့ပြင် စာရွက်စာတမ်း ပြည့်စုံသူများအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက်မှစတင်ကာ အချိန်တိုအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်ပေးရန်လည်း စီမံချက်များ ချမှတ်ထားကြောင်း သိရသည်။

news-view-count-icon

13