မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်းကြားတွင် ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့၊ နံနက် ၄ နာရီ ၄၂ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ သတင်းရရှိပြီးနောက် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်း၊ ဈ အရန်မီးသတ်စခန်းနှင့် လောကပါလ အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးသည် နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် ငြိမ်းသွားခဲ့ကြောင်း သိရသည်။
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် ၄ စီးဖြင့် ငြှိမ်းသတ်ခဲ့ရ
Nov 29 • 1:35 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 9 | 0 | 0 | 0 |


