back

ကလောမြို့နယ်၊ အောင်ပန်းတွင် ရပ်ထားသည့် ကားကို ဝင်တိုက်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

Nov 29 • 1:34 AM

breaking-news

မြန်မာ

ရှမ်း

cover

ကလောမြို့နယ်၊ အောင်ပန်းတွင် ရပ်ထားသည့် ကားကို ဝင်တိုက်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၉/၅) နှင့် (၇၉/၆) ကြားတွင် နိုဝင်ဘာ ၂၈ ရက်နေ့၊ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က ယာဉ်တ...

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၉/၅) နှင့် (၇၉/၆) ကြားတွင် နိုဝင်ဘာ ၂၈ ရက်နေ့၊ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ တောင်ကြီးမှ ကလောသို့ မောင်းနှင်လာသော TOYOTA MARK X (ခဲရောင်) ယာဉ်သည် လမ်းဘေးတွင် ရပ်ထားသည့် DUMP TRUCK (အဖြူရောင်) ၆ ဘီးယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးအနက် ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ သေဆုံး/ဒဏ်ရာရရှိသူများကို အောင်ပန်းမြို့ နာရေးကူညီမှုအသင်းနှင့် မဟာလူမှုကယ်ဆယ်ရေးအသင်းပိုင် သူနာတင်ယာဉ်များဖြင့် အောင်ပန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

12