back

ထိုင်းနိုင်ငံရှိ မိုဘိုင်းဘဏ်အက်ပ် အားလုံးသည် ဗားရှင်းအမြင့်များဖြင့်သာ အသုံးပြုနိုင်မည်

Nov 28 • 3:16 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရှိ မိုဘိုင်းဘဏ်အက်ပ် အားလုံးသည် ဗားရှင်းအမြင့်များဖြင့်သာ အသုံးပြုနိုင်မည်

ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း Thai Bankers Association (TBA) က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ ထိုင်းနိုင်ငံရှိ မိုဘိုင်းဘဏ်အက်ပ် အားလုံးသည် iOS 14 နှင့်...

ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း Thai Bankers Association (TBA) က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ ထိုင်းနိုင်ငံရှိ မိုဘိုင်းဘဏ်အက်ပ် အားလုံးသည် iOS 14 နှင့် Android 10 သို့မဟုတ် ထို့ထက်မြင့်သော ဗားရှင်းများဖြင့်သာ အသုံးပြုနိုင်မည်ဟု ကြေညာသည်။ ဒေတာခိုးယူမှု၊ ငွေကြေးလိမ်လည်မှုနှင့် malware ထည့်သွင်းမှုတို့ကို ကာကွယ်ရန် အားနည်းချက်ရှိသော ခေတ်မမီတော့သည့် လည်ပတ်မှုစနစ် operating system များ ပါရှိသော ဖုန်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကြောင့် ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ရန်နှင့် ခေတ်မမီတော့သော လည်ပတ်မှုစနစ်များမှ အန္တရာယ်များကို လျှော့ချရန်အတွက် ဖြစ်သည်။ ခေတ်မမီတော့သော စမတ်ဖုန်းများ၊ အထူးသဖြင့် ဖုန်းထုတ်လုပ်သူထံမှ လုံခြုံရေး အပ်ဒိတ်များ မရရှိတော့သည့် စမတ်ဖုန်းများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ မိုဘိုင်းဘဏ်လုပ်ငန်း အက်ပ်များကို ဝင်ရောက်ကြည့်ရှုနိုင်တော့မည် မဟုတ်ပါ။




news-view-count-icon

13