ဂျပန် နိုင်ငံမှာ လူသူကင်းမဲ့တဲ့အိမ်ရာတွေ တိုးပွားလာနေတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့် ဂျပန်ကုမ္ပဏီ ဒါဇင်ပေါင်းများစွာဟာ စွန့်ပစ်ထားတဲ့အိမ်တွေကို ရှာဖွေရောင်းချဖို့ ဂြိုဟ်တုပုံရိပ်နဲ့ ဉာဏ်ရည်အတု (AI) ကို အသုံးပြုနေကြပါတယ်။ အိမ်ခြံမြေကုမ္ပဏီ Where Inc ကတော့ သံချေးတက်နေတဲ့ အရောင်တွေလို ဝိသေသလက္ခဏာတွေအပေါ်အခြေခံပြီး ဟောင်းနွမ်းအိုမင်းနေတဲ့ အိမ်အမိုးတွေကို ခွဲခြားသတ်မှတ်ဖို့ ဓာတ်ပုံထောင်ပေါင်းများစွာနဲ့ လေ့ကျင့်ထားတဲ့ AI ကို အသုံးပြုကာ ဂြိုဟ်တုပုံရိပ်တွေက အိမ်ဟောင်းတွေကို ရှာဖွေနိုင်တဲ့ ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် မကြာသေးခင်က အဲဒီဝန်ဆောင်မှုကို အသုံးပြုခဲ့တဲ့ ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖူစီရင်စုရှိ အိမ်ငှားရမ်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို ဦးဆောင်နေသူ မစ္စတာယာဆူအီက စွန့်ပစ်ထားတဲ့ နှစ်ထပ်သစ်သား အိမ်တစ်လုံးကို တွေ့ရှိခဲ့ပြီး အိမ်ခြံမြေမှတ်ပုံတင်ရုံးမှတစ်ဆင့် ပိုင်ရှင်ကို ဆက်သွယ်ကာ ယန်း (၁) ယန်းတည်းနဲ့ ဝယ်ယူနိုင်ခဲ့တယ်လို့ သိရပါသည်။



