လာမည့် ဒီဇင်ဘာလတွင် ရန်ကုန်ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ-၂၀၂၅ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ သိရသည်။ကျောက်မျက်ရတနာ အချောထည်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သော ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ ကြီးမှူးကျင်းပမည့် “ရန်ကုန်ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ-၂၀၂၅” ကို ပြုလုပ်သွားမည်ဖြစ်သည်။အဆိုပါပွဲကို ရန်ကုန်မြို့ Lotte Hotel တွင် ဒီဇင်ဘာ (၁၀) ရက်နှင့် (၁၁) ရက်နေ့များတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။



