ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်နေဝင်းလမ်းနှင့်သန်လျင်မြို့မစျေးအနီးရှိ မြဟံသာရုပ်ရှင်ကို နိုဝင်ဘာ ၂၈ ရက်မှ စတင်၍ ပြန်လည် ပြုပြင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လာမည့် ၂၀၂၆ ခုနှစ် လဆန်းပိုင်းတွင် မူလအတိုင်း ရုပ်ရှင်ဇာတ်ကားများ ပြန်လည် ပြသပေးသွားမည်ဖြစ်ပြီး မြဟံသာရုပ်ရှင်၌ မြန်မာဇာတ်ကားနှင့် အိန္ဒိယဇာတ်ကားများကို အဓိကထား ပြသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မြဟံသာရုပ်ရုင်ရုံအတွက် မန်နေဂျာ၊ လက်ထောက်မန်နေဂျာ၊ ရုပ်ရှင်ရုံဝန်ထမ်း၊ သန့်ရှင်းရေးဝန်ထမ်းနှင့် စာရင်းကိုင်ဝန်ထမ်းများကို ခေါ်ယူလျက်ရှိပြီး အခြေခံလစာ အနည်းဆုံး ကျပ်နှစ်သိန်းခွဲမှ ကျပ်ရှစ်သိန်းထိ လစာပေးမည်ဟု ခေါ်ယူနေကြောင်း သိရသည်။



