back

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ အလုပ်သမားများအတွက် ဘတ်အသစ် ရိုက်ပေးမည်

Nov 28 • 12:12 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ အလုပ်သမားများအတွက် ဘတ်အသစ် ရိုက်ပေးမည်

ထိုင်းနိုင်ငံတွင် အထောက်အထားမရှိဘဲ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့မှ ရွေ့ပြောင်းအလုပ်သများအတွက် တရားဝင်နေထိုင်ခွင့်နှင့်...

ထိုင်းနိုင်ငံတွင် အထောက်အထားမရှိဘဲ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့မှ ရွေ့ပြောင်းအလုပ်သများအတွက် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ရရှိမည့် လူသစ်ဘတ်ကို ရိုက်ပေးမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။အဆိုပါကြေညာချက်ထဲတွင် သက်တမ်းကုန်ဆုံးနေသူများ၊ နေထိုင်ခွင့် သက်တမ်းကျော်လွန်နေသူများနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများသည် ယခုရိုက်ပေးမည့် လူသစ်ဘတ်တွင် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။ သို့သော် လူသစ်ဘတ်အတွက် အမည်စာရင်း တင်သွင်းခြင်းကို မည်သည့်နေ့တွင် ခွင့်ပြုမည်ကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိသေးပေ။လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် CI စာအုပ်များကို ရက်ပေါင်း ၁၈၀ အတွင်း ပြုလုပ်ကာ ဗီဇာထုံးထုခြင်း လုပ်ငန်စဉ်များကို ဆက်လက်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ 




news-view-count-icon

14