back

ဘယ်လာရုစ်နိုင်ငံမှ ပြည်တွင်းသို့ဒိန်ခဲနှင့် ထောပတ် တင်သွင်းနိုင်ရေး ဆွေးနွေး

Nov 28 • 9:09 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဘယ်လာရုစ်နိုင်ငံမှ ပြည်တွင်းသို့ဒိန်ခဲနှင့် ထောပတ် တင်သွင်းနိုင်ရေး ဆွေးနွေး

ဘယ်လာရုစ်နိုင်ငံကနေ ဒိန်ခဲနဲ့ ထောပတ် တင်သွင်းနိုင်ရေး ကိစ္စရပ်ကို နိုဝင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်မှာ ထည့်...

ဘယ်လာရုစ်နိုင်ငံကနေ ဒိန်ခဲနဲ့ ထောပတ် တင်သွင်းနိုင်ရေး ကိစ္စရပ်ကို နိုဝင်ဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်မှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနဲ့ ဘယ်လာရုစ် စိုက်ပျိုးရေးနှင့် အစားအစာဝန်ကြီး Yury GORLOV တို့ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်၊ ရော်ဘာ၊ အခွံမာသီး၊ သစ်သီးဝလံနဲ့ ကော်ဖီတို့ကိုလည်း တင်ပို့နိုင်ရေးအတွက်လည်း ရည်ရွယ်ထားပါတယ်။တင်ပို့/တင်သွင်း ဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ရေး ကိစ္စရပ်တွေလည်း ပါဝင်ခဲ့ပါတယ်။နှစ်ဖက်တွေ့ဆုံမှုအရ စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ စားသောက်ကုန်တွေ အပြန်အလှန်ကုန်သွယ်မှု တိုးတက်ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် လူဦးရေ ၁၃၀ ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာဘက်က ရင်းနှီး/စီးပွားဝန်ကြီးဌာန၊ စိုက်/မွေး/ဆည် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ UMFCCI တို့ ပါဝင်ခဲ့ပါတယ်။



news-view-count-icon

36