ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းနှင့် ဒေါ်သိန်းတင်လမ်းထောင့်တွင် နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက စက်ဘီးနှင့် ကားတိုက်မှုဖြစ်ပွားခဲ့ရာ စက်ဘီးစီးလာသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ကူညီပေးခဲ့သည့် ကိုပူတူးနှင့်ဘော်ဒါများအသင်းက အသိပေးသည်။ သေဆုံးသူ အမျိုးသမီးသည် ၎င်း၏ ကလေးကို ကျောင်းပို့ပြီး စျေးရောင်းရန် စျေးဆိုင်သို့ ပြန်အသွားတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်း၌ ယာဉ်တိုက်မှုကြောင့် စက်ဘီးစီး အမျိုးသမီး ၁ ဦး သေဆုံး
Nov 28 • 8:53 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 39 | 0 | 0 | 0 |


