၂၀၂၇ အာရှဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ စင်ကာပူလက်ရွေးစင်နည်းပြချုပ်အဖြစ် အသက်(၃၅)နှစ်အရွယ် လူငယ်နည်းပြ ဂါဗင်လီကို ခန့်အပ်လိုက်ကြောင်း စင်ကာပူဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ လီ ဟာ စင်ကာပူလူမျိုးနည်းပြတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ဘောလုံးကစားခဲ့ဖူးခြင်းမရှိဘဲ နည်းပြလောကမှာပဲ ကျင်လည်နေသူဖြစ်ပါတယ်။ ဂျပန်လူမျိုးနည်းပြ Tsutomu Ogura ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး Tsutomu Ogura ရာထူးက နုတ်ထွက်ပြီးနောက်မှာ အသင်းကို နည်းပြချုပ်အဖြစ် ယာယီကိုင်တွယ်ကာ အာရှဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။



