Appleဟာ ၂၀၂၉ ခုနှစ်အထိ စမတ်ဖုန်းဈေးကွက်၏ ထိပ်ဆုံးနေရာကို ရယူနိုင်ခြေရှိ‌နေ

Nov 28 • 6:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

Appleဟာ ၂၀၂၉ ခုနှစ်အထိ စမတ်ဖုန်းဈေးကွက်၏ ထိပ်ဆုံးနေရာကို ရယူနိုင်ခြေရှိ‌နေ

Apple ကုမ္ပဏီဟာ iPhone 17 မော်ဒယ်သစ်တွေရဲ့ အားကောင်းတဲ့ ရောင်းအားကြောင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း Samsung ထံက ကြီးစိုးမှုကို ပြန်လည်ရယူ...

Apple ကုမ္ပဏီဟာ iPhone 17 မော်ဒယ်သစ်တွေရဲ့ အားကောင်းတဲ့ ရောင်းအားကြောင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း Samsung ထံက ကြီးစိုးမှုကို ပြန်လည်ရယူပြီး နံပါတ်တစ်နေရာကို ၂၀၂၉ ခုနှစ်အထိ ရယူထားနိုင်ကြောင်း စျေးကွက်သုတေသနကုမ္ပဏီ Counterpoint Research က သုံးသပ်ထားပါတယ်။Counterpoint Research က ထုတ်ပြန်တဲ့အချက်အလက်များအရ iPhone 17 စတင်ဖြန့်ချိတဲ့ ပထမဆုံးလမှာ Apple ရဲ့ ဖုန်းရောင်းအားက ၂၂ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဈေးကွက်တစ်ခုလုံးမှာမူ ၂.၇ ရာခိုင်နှုန်း အထိ ကျဆင်းသွားပါတယ်။Counterpoint ရဲ့ အစီရင်ခံစာအရ ယခုနှစ်ကုန်ပိုင်းမှာ iPhone ရဲ့ ရောင်းအားက ယမန်နှစ်ထက် ၁၀ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပြီး ပြိုင်ဘက် Samsung ကမူ ယခုနှစ်ကုန်မှာ ဖုန်းရောင်းအား ၄.၆ ရာခိုင်နှုန်း သာ တိုးတက်ရန်ရှိနေပါတယ်။Appleဟာ ၂၀၂၉ ခုနှစ်အထိ စမတ်ဖုန်းဈေးကွက်မှာ နံပါတ်တစ်အဖြစ် ဆက်လက်တည်ရှိနိုင်ပြီး လက်ရှိ iPhone 17 ဝယ်လိုအားမြင့်မားမှု၊ ဖုန်းအသစ်ဝယ်ယူမှု (upgrade cycle) ကြီးခြင်းအပြင် ၂၀၂၇ ခုနှစ်မှာ ထွက်မယ့် iPhone နှစ် ၂၀ ပြည့် အထူးမော်ဒယ်သစ်များရဲ့ ရောင်းအားကိုပါ ချိန်ဆတွက်ချက်ထားခြင်းဖြစ်ပါတယ်။


news-view-count-icon

30