ပြည်တွင်း ဖရဲ၊သခွားမွှေးကို တရုတ်ကုန်သည်များမှ ဈေးပေး ၀ယ်သော်လည်း လမ်းခရီးအချိန်ကြန်ကြာမှုနှင့် ကုန်ကျစရိတ်မြင့်မားမှုကြောင့် တင်ပို့ရောင်းချသူများ အကျိုးအမြတ်မရှိကြောင်း ကုန်သည်အချို့ကပြော သည်။လက်ရှိ တရုတ်ကုန်သည်များက မြန်မာ ဖရဲ၊သခွှားမွှေးကို တစ်ကီလိုလျှင် တရုတ်ငွေ ၃ယွမ်နှင့်၄ယွမ်အကြားဈေးပေး၍၀ယ်ယူသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် တစ်ကီလို ၅ယွမ်မှ ၆ယွမ်အထိဈေးပေးခဲ့သည်။လက်ရှိတရုတ်နိုင်ငံကို တင်ပို့နေသည့် ဖရဲ၊သခွားများက မိုးရာသီစိုက်ပျိုးသည့် သီးနံများဖြစ်ပြီး လမ်းခရီးအချိန်ကြာမြင့်မှုကြောင့် သီးနှံအရည်အသွေးကျဆင်းမှုနှင့် ပျက်ဆီးဆုံးရှုံးမှုများလည်းရှိနေသည်။ ဖရဲ၊သခွားမွှေးကို မိုင်းလား၊တာလော့လမ်းကြောင်းဖြင့်သာ တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချနေရခြင်းကြောင့် ကုန်စည်ပို့ဆောင်စရိတ်(ကားခ)ကလည်း ကြီးမားသဖြင့် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အရှုံးနှင့်သာရင်ဆိုင်ရသည်။ယခုနှစ်တွင်လည်း မူဆယ်လမ်းကြောင်းမှတင်ပို့နိုင်မည့်ဆိုသည့် မျှော်လင့်ချက်၊ တရုတ်၀ယ်အားကောင်းနိုင်သည့်ဆိုသည့် သုံးသပ်ချက်များဖြင့် စိုက်ပျိုးခဲ့ကြခြင်းဟု၎င်းတို့ကရှင်းပြသည်။
Nov 28 • 3:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


