မွန်ပြည်နယ်ပေါင်မြို့နှင့်မော်လမြိုင်မြို့တို့၌ မီးလောင်မှုမှ သက်ဆိုင်သူများအားရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထား

Nov 28 • 2:56 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်ပေါင်မြို့နှင့်မော်လမြိုင်မြို့တို့၌ မီးလောင်မှုမှ သက်ဆိုင်သူများအားရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထား

မွန်ပြည်နယ်ရှိ၊ ပေါင်မြို့နှင့် မော်လမြိုင်မြို့တို့၌ ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်)နံနက်ပိုင်းတွင် မီးလောင်မှုများဖြစ်ပေါ်ခဲ့ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး(က...

မွန်ပြည်နယ်ရှိ၊ ပေါင်မြို့နှင့် မော်လမြိုင်မြို့တို့၌ ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်)နံနက်ပိုင်းတွင် မီးလောင်မှုများဖြစ်ပေါ်ခဲ့ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)ကထုတ်ပြန်ထားသည်။

မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ ဝတ်ကြီးလမ်း၊ ဒိုင်းဝန်ကွင်းဈေးအနီး၊ မိုးဆန်းလက်ဖက်ရည်ဆိုင် ဘေးရှိ အသက်(၆၅) နှစ်အရွယ်ဒေါ်အချို(ခ)ဒေါ်ချို ပိုင်ဆိုင်သည့် ပေ ၂၀၊ ပေ ၃၀ ရှိအုတ်ညှပ်၊ သွပ်မိုး နှစ်ထပ်အိမ်၌ ယမန်နေ့နံနက် ၁ နာရီ ၂၇ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ် ။ယင်းမီးလောင်မှုမှာ သုံးမိနစ်ရေနွေးအိုးဖြင့် နေအိမ်ရှေ့တွင်‌ရေနွေးတည်ထားပြီး အိပ်ပျော်သွားရာမှ ရေနွေးအိုးအပူလွန်ကဲကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နံနက် ၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကာ လူထိခိုက်မှုမရှိကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူအား မော်လမြိုင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ)မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ထို့ပြင် ပေါင်မြို့နယ်၊ ဥတ္တတားကျေးရွာ၊ (၁၀)ရပ်ကွက်၊ မင်္ဂလာကျန်ခင်းလမ်းတွင်လည်း ယမန်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ထပ်နေအိမ်တစ်လုံးမီးလောင်ခဲ့ခြင်းဖြစ်ကာ လူထိခိုက်မှုမရှိ ကြောင်း၊ ယင်းမီးလောင်မှုမှာ နံနက် ၈ နာရီ ၈ မိနစ်တွင်မီးငြိမ်းကာ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စုံစမ်းဆဲဖြစ်ပါတယ်။


news-view-count-icon

20