back

ပဏာမ မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်း ကစားသမား ၁၆ ဦးစာရင်း ထုတ်ပြန်

Nov 28 • 2:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပဏာမ မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်း ကစားသမား ၁၆ ဦးစာရင်း ထုတ်ပြန်

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ် Mr.Prasert Innui သည် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ပဏာမ ကစားသမား ၁၆ ဦးစာရင်းကို ထုတ်ပြန်...

ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ် Mr.Prasert Innui သည် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ပဏာမ ကစားသမား ၁၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။ပဏာမ မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ ၅ ရက်တွင် စတင်ထွက်ခွာမည် ဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီ လေ့ကျင့်မှုများကို ထိုင်းနိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပဏာမ မြန်မာလက်‌ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်နေစဉ်အတွင်း ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်ကစားရန် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ထိုခြေစမ်းပွဲများကစားပြီးနောက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းသည် ကစားသမား ၁၄ ဦးဖြင့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

news-view-count-icon

31