back

ဆီးဂိမ်းဘောလုံးပြိုင်ပွဲက ကမ္ဘောဒီးယား နုတ်ထွက်ခဲ့တဲ့ အုပ်စုကို စင်ကာပူ အစားထိုး

Nov 28 • 2:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဆီးဂိမ်းဘောလုံးပြိုင်ပွဲက ကမ္ဘောဒီးယား နုတ်ထွက်ခဲ့တဲ့ အုပ်စုကို စင်ကာပူ အစားထိုး

ဆီးဂိမ်းယူ-၂၃အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)မှာ ကမ္ဘောဒီးယားနုတ်ထွက်သွားတဲ့ နေရာကို အုပ်စု(ဂ)က စင်ကာပူနဲ့ အစားထိုးလိုက်ကြောင်း ပြိုင်ပွဲကျင်းပရေးက သတင်းထုတ်...

ဆီးဂိမ်းယူ-၂၃အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)မှာ ကမ္ဘောဒီးယားနုတ်ထွက်သွားတဲ့ နေရာကို အုပ်စု(ဂ)က စင်ကာပူနဲ့ အစားထိုးလိုက်ကြောင်း ပြိုင်ပွဲကျင်းပရေးက သတင်းထုတ်ပြန်ပါတယ်။ မူလက အုပ်စု(က)မှာ ထိုင်း၊ တီမော၊ ကမ္ဘောဒီးယားတို့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး ကမ္ဘောဒီးယား နုတ်ထွက်သွားတဲ့အတွက် စင်ကာပူနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူကတော့ မူလက အုပ်စု(ဂ)မှာ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်အသင်းတွေနဲ့ လေးသင်းအုပ်စုမှာ ကျရောက်ခဲ့တာဖြစ်ပြီး Ranking သတ်မှတ်ချက်အရ အုပ်စု(က)ကို ပြောင်းရွှေ့ခဲ့တာလို့သိရပါတယ်။ ဒါကြောင့် မြန်မာယူ-၂၃အသင်းပါဝင်တဲ့ အုပ်စု(ဂ)မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာ သုံးသင်းပဲ ကျန်ရစ်ခဲ့ပြီး မြန်မာအသင်းအနေနဲ့ ဆီမီးတက်ဖို့ အသင်းတိုင်းက ခက်ခဲတဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။


news-view-count-icon

36