ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်မတူဘဲ အလုပ်လုပ်နေရသော အလုပ်သမားများအတွက် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ရရှိမည့် လူသစ်ဘတ် (ပန်းရောင်ကတ်) ကို ဖွင့်ပေးမည်ဖြစ်သည်။ယခုဖွင့်ပေးမည့် လူသစ်ဘတ်တွင် အထောက်အထားမရှိသူများ၊ အလုပ်ရှင်/အလုပ်သမား မတူဘဲ အလုပ်လုပ်နေသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်မရမီ ထိုင်းသို့ တရားမဝင် ရောက်ရှိနေသူများနှင့် နေထိုင်ခွင့်သက်တမ်းကျော်လွန်နေသူ (Over Stay) များပါ အကျုံးဝင်ကြောင်း သိရသည်။ စတင်ဖွင့်မည့်နေ့ကို ပြည်ထဲရေးဝန်ကြီးဌာနမှ နောက်ထပ်အမိန့်စာ ထွက်ရှိလာပါက စာရင်းတင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် လူသစ်ဘတ် (ပန်းရောင်ကတ်) ဖွင့်ပေးမည်
Nov 28 • 1:53 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


