မွန်ပြည်နယ် ကျိုက်မရောနှင့် သထုံအကျဉ်းထောင်မှ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ ၁၁ ဦး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီး ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၄ ဦး အကျဉ်းသူ ၂ ဦးနှင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၅ ဦးပါဝင်ကြောင်း သိရသည်။၅၀၅-က ဖြင့် စစ်ဆေးကြားနာဆဲ အချုပ်အတွင်း နေထိုင်နေရသူများ တရားရုံး၏ အမှုပိတ်သိမ်းကြောင်းနှင့် လွှတ်မိန့်ကို စောင့်ဆိုင်းရခြင်းကြောင့် ညနေပိုင်းမှ ပြန်လည်လွတ်မြောက်လာနိုင်မည်ဟုလည်း တရားရုံးနှင့် နီးစပ်သူများမှ သိရသည်။



