၂၇.၁၁.၂၀၂၅ ရက်နေ့၊ ၁၂ နာရီ၂၄ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၇)ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် အမျိုးသား(၁)ဦး ေ-သဆုံးအား ပြည်တော်သစ် နာရေးကူညီမှုအသင်းမှယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။



