စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်မနက်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာတယ်လို့ အကျဉ်းသားအရေးကိစ္စနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က နဲ့ ပြစ်ဒဏ်ကျခံနေရသူနှင့် တရားစွဲဆိုခံရသူ ၅,၅၈၀ ဦးကိုလည်း အမှုပိတ်သိမ်းလိုက်တဲ့ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Nov 27 • 6:02 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


