အာကာသယာဉ် ထိခိုက်ပျ-က်စီးမှုကြောင့် တရုတ်နိုင်ငံ၏ အာကာသစခန်းတွင် သောင်တင်နေသည့် အာကာသယာဉ်မှူးအဖွဲ့ကို ပြန်လည်ခေါ်ဆောင်ရန် တရုတ်နိုင်ငံက အင်္ဂါနေ့တွင် ရှန်ကျိုး-၂၂ အာကာသယာဉ်ကို လွှတ်တင်ခဲ့သည်။အင်္ဂါနေ့တွင် Tiangong အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့သည့် ရှန်ကျိုး-၂၂ ယာဉ်ကို နိုဝင်ဘာ ၁ ရက်တွင် စခန်းသို့ရောက်ရှိနေခဲ့သော အာကာသယာဉ်မှူး သုံးဦးက ၂၀၂၆ ခုနှစ်တွင် အသုံးပြုမည်ဖြစ်သည်။ ယခုလအစောပိုင်းတွင် ရှန်ကျိုး-၂၀ အာကာသမစ်ရှင်မှ တရုတ်အာကာသယာဉ်မှူးတစ်ဖွဲ့သည် ၎င်းတို့ယာဉ်၏ ပြတင်းပေါက်ပျ-က်စီးခဲ့သဖြင့် ကမ္ဘာမြေသို့ပြန်ရန် ကိုးရက်ကြာနှောင့်နှေးနေခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် Tiangong စခန်းအဖွဲ့ကို အစားထိုးလဲလှယ်ရန် ရောက်ရှိလာသည့် ရှန်ကျိုး-၂၁ ယာဉ်ဖြင့် ပြန်လာနိုင်ခဲ့ကြသည်။



