ခွေးရူးရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ် ရေးအတွက် ခွေးသား၊ ကြောင်သားနှင့် လင်းနို့သား များ ရောင်းဝယ်ဖောက်ကားမှု၊ စားသုံးမှုတို့ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် တာဝန်ရှိသူ များက ပိတ်ပင်ထားကြောင်း နိုဝင်ဘာ ၂၅ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ဂျကာတာမြို့တော်၌ ခွေးသား၊ ကြောင်သား နှင့် လင်းနို့သား ရောင်းဝယ်ဖောက်ကားမှုနှင့် စားသုံး မှုပိတ်ပင်ရေး အမိန့်ဒီကရီကို ဂျကာတာ အုပ်ချုပ်ရေး မှူး ပရာမိုနိုအန်နန်းက နိုဝင်ဘာ ၂၅ ရက်တွင် လက် မှတ်ရေးထိုးခဲ့သည်။အဆိုပါ အမိန့်ဒီကရီသည် နောင် ခြောက်လ အကြာတွင် စတင်အာဏာသက်ရောက်မည်ဖြစ် ကြောင်း ဂျကာတာမြို့တော် တာဝန်ရှိသူများက ပြောကြားထားသည်။ဂျကာတာ အုပ်ချုပ်ရေးမှူး၏ အမိန့်ဒီကရီ တွင် ခွေး၊ ကြောင်နှင့် လင်းနို့အရှင်များသာမက ယင်းမျိုးစိတ်များ၏ အသားများ၊ ယင်းမျိုးစိတ်များမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ၊ ကုန်ချောပစ္စည်း များ အကျုံးဝင်ကြောင်း သိရသည်။အမိန့်ဒီကရီကို ချိုးဖောက်ပါက သတိပေးမှုမှ သည် လုပ်ငန်းလိုင်စင် ရုပ်သိမ်းသည်အထိ ပါဝင် သော အရေးယူမှုများနှင့် ရင်ဆိုင်ရနိုင်သည်ဂျကာတာအုပ်ချုပ်ရေးမှူး၏ အထက်ပါ အမိန့်ဒီကရီသည် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက် သူများအတွက် အဓိကအောင်ပွဲတစ်ခု ဖြစ်ခဲ့ရသည်။အင်ဒိုနီးရှားနိုင်ငံ၌ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံသားအများအပြား သေဆုံးနေ ကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သိရသည်။ယခုနှစ် ဇန်နဝါရီလနှင့် မတ်လအကြား ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတို့၌ ခွေးရူး ပြန်ရောဂါကြောင့် သေဆုံးမှုပေါင်း ၂၅ မှုအထိ ရှိခဲ့ ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။



