ယခုနှစ်ပြောင်းစျေးကျခြင်းနှင့်အထွက်နှုန်းနည်းခြင်းကြောင့် တောင်သူများတွက်ခြေမကိုက်ကြောင်း ပအိုဝ်းဒေသ ပြောင်းစိုက်တောင်သူများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသနှင့် ဓနုဒေသတို့တွင်ပြောင်း အများဆုံး စိုက်ပျိုးကြပြီးယခုနှစ် ပြောင်းစိုက်တောင်သူများ အရင်းမရဘဲ အရှုံးပေါ်သူများလည်းရှိကြောင်းသိရသည်။ပြောင်းကိုအဓိကအားဖြင့် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံ တို့မှ ဝယ်ယူခြင်းဖြစ်ပြီး မြောက်ပိုင်းလမ်းပိတ်ချိန်၊ ထိုင်းနိုင်ငံဘက်အဝယ်ပိတ်ချိန်တို့တွင် စျေးနှုန်းကျဆင်းတတ်ကြောင်း၊ ယခင်နှစ်ကလည်းပြောင်းစျေး တစ်ပိဿာ ၆၀၀ အထိကျဆင်းခဲ့ဖူးကြောင်း သိရသည်။လွန်ခဲ့သောနှစ် ပြောင်း ၇၈ အိတ် လျှင် ငွေကျပ် သိန်း ၂၀ ကျော် ရရှိခဲ့သော်လည်း ၊ ယခုနှစ်တွင် ပြောင်း ၇၈ အိတ် ၅ သိန်း နှစ်သောင်းကျော်သာ ရရှိသဖြင့် ပြောင်းစိုက်တောင်သူများ အရှုံးဖြင့် ရင်ဆိုင်ရကြောင်း သိရသည်။ထိုသို့ ပြောင်းစိုက်ရန် လုပ်အားခ၊ ဓါတ်မြေဩဇာ အပါအဝင် စိုက်ပျိုး ရင်းနှီးမှု ကုန်ကျစရိတ် သိန်း ၅၀ ကျော် ကုန်ကျပြီး ၊ နောက်ဆုံး ပြောင်းရောင်းခ ငါးသိန်းသာရရှိသဖြင့် ပြောင်းစိုက်တောင်သူများ ဆယ်ဆလျှင် ကိုးဆ နီးပါး အရှုံးဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ပြောင်းစျေးကျခြင်းနှင့် အထွက်နှုန်းနည်းခြင်းကြောင့်ပြောင်းစိုက်တောင်သူများတွက်ခြေမကိုက်ဖြစ်နေ
Nov 27 • 4:16 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


