"၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း - လာမည့်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းသစ်များ” ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) တွင် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်၌ ကျင်းပခဲ့သည်။အဆိုပါ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) မြန်မာနိုင်ငံရုံးနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး အင်စတီကျုတို့ ပူးတွဲကြီးမှူး၍ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအသင်းမှ ပူးတွဲစီစဉ် ကျင်းပခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် ထွက်ပေါ်လာသောအခွင့်အလမ်းများကို မည်ကဲ့သို့ ဆုပ်ကိုင်နိုင်ကြောင်းနှင့် စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်း အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း သိရသည်။ 
Nov 27 • 4:14 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


