ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ ဒုတိယအဆင့် ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ယခုဖွင့်လှစ်သည့် ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းကြောင့် အသုံးပြုလျက်ရှိသော ဒေသထွက်ကျောက်မီးသွေး၏ စိုထိုင်းဆများပြားမှုကို လျှော့ချကာ အပူစွမ်းအင်ကို တိုးမြှင့်နိုင်ခဲ့သဖြင့် ယခင်လျှပ်စစ်ဓာတ်အား ၉၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုအခါ စက်တပ်ဆင်အင်အားပြည့် ၁၂၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၃၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။



