အီသီယိုးပီးယားတွင် မီးတောင် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာ သော မီးတောင်ပြာများသည် အိုမန် နှင့် ယီမင်မှတစ်ဆင့် ပင်လယ်နီကိုဖြတ် ပြီး အိန္ဒိယနိုင်ငံ ဒေလီသို့ ရောက်ရှိလာ ကြောင်း အိန္ဒိယမိုးလေ၀သဌာနက နိုဝင်ဘာ ၂၅ ရက်တွင်ပြောသည်။အီသီယိုးပီးယားနိုင်ငံရှိ ဟေလီ ဂပ်ဘ်ဘီ မီးတောင်ပေါက်ကွဲမှုသည် လွန်ခဲ့သည့် နိုဝင်ဘာ ၂၃ ရက်က စတင်ခဲ့ပြီး မီးတောင်ပြာများကို ပေ ထောင်ပေါင်းများစွာအထိ လေထုထဲ သို့ ထုတ်လွှတ်ခဲ့သည်။ မီးတောင်ပြာ များကြောင့် အိန္ဒိယ လေယာဉ်ခရီးစဉ် များစွာကို ဖျက်သိမ်းခြင်း၊ နှောင့်နှေး ခြင်း သို့မဟုတ် လမ်းကြောင်းပြောင်း လဲခြင်းများ ပြုလုပ်ခဲ့ရသည်။အိန္ဒိယလေကြောင်းထိန်းသိမ်း ရေးအဖွဲ့က လေကြောင်းလိုင်းများ အနေဖြင့် မီးတောင်ပြာများရောက်ရှိ နေသည့် လမ်းကြောင်းများကို ရှောင် ရှားရန် ညွှန်ကြားထားသည်။မီးတောင်ပြာ ညစ်ညမ်းမှု အဆင့်ကို ရှင်းရှင်းလင်းလင်းမသိရ သေးကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။သို့သော် အလွန်ညံ့ဖျင်းသည့် ဒေလီ၏ လေထုအရည်အသွေးကို ထိခိုက်ဖွယ်မရှိကြောင်း တာဝန်ရှိသူ များက ပြောသည်။မီးတောင် ပြာများသည် သေးငယ်ပြီး ပွတ်တိုက်နိုင်သည့် အမှုန်အမွှားများ စုထားသည့်တိမ်တိုက် တစ်ခုဖြစ်သည်။မီးတောင် ပြာများကြောင့် လေယာဉ်အင်ဂျင်များ ပျက်စီးနိုင်ပြီး လေယာဉ်ကွင်းများတွင်လည်း မြင်နိုင် စွမ်း ကျဆင်းသွား နိုင်မှုကြောင့် လေယာဉ်ပျံသန်းမှုများ အတွက် အန္တရာယ်ဖြစ်စေနိုင်သည်။လက်ရှိ မီးတောင်ပြာများ ရောက်ရှိနေသည့် အမြင့်ပေသည် ပင်လယ်ရေမျက်နှာပြင်အထက် ၈ ဒသမ ၅ ကီလိုမီတာမှ ၁၅ ကီလို မီတာကြားရှိကြောင်း အိန္ဒိယမိုးလေ ၀သဌာန ညွှန်ကြားရေးမှူးချုပ် မိုဟာ ပါထရာက ပြောသည်။



