နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းကျေးရွာအနီး (ဒေသအခေါ်)သရက်သုံးမျိုးကုန်းတောထဲ၌ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ အဆိုပါကျေးရွာနေ ဝင်းဇော်ဦး(ခ)ကုလားလေး(၄၇)နှစ်ပါ အမျိုးသား ၉ ဦး တို့အား တိုက်ကြက်ဖ ၄ ကောင်၊ လောင်းကြေးငွေ ၁,၄၃၀,၀၀၀ ကျပ်၊ ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဇော်ဦး(ခ) ကုလားလေးပါ ၉ ဦးအား အင်းတကော်နယ်မြေရဲစခန်း (ပ)၈၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



