back

ကချင်ပြည်နယ်တွင် မီးလောင်မှုကို လာကြည့်သူတွေရဲ့ ဆိုင်ကယ်နဲ့ နေအိမ်ထဲက သဲ့ထုတ်ထားတဲ့ ပစ္စည်းတွေ ပျောက်ဆုံးမှုဖြစ်

Nov 26 • 2:19 PM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်တွင် မီးလောင်မှုကို လာကြည့်သူတွေရဲ့ ဆိုင်ကယ်နဲ့ နေအိမ်ထဲက သဲ့ထုတ်ထားတဲ့ ပစ္စည်းတွေ ပျောက်ဆုံးမှုဖြစ်

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ ကွက်သစ်အပိုင်းမှာ ဒီကနေ့ မနက်ပိုင်းမှာ မီးလောင်ခဲ့ရာက နေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ထရံအိမ်တွေဖြစ်တာကြောင့် ...

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ ကွက်သစ်အပိုင်းမှာ ဒီကနေ့ မနက်ပိုင်းမှာ မီးလောင်ခဲ့ရာက နေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ထရံအိမ်တွေဖြစ်တာကြောင့် မီးကူးစက်မှုမြန်ဆန်ခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်က ပစ္စည်းတွေကို သဲ့ထုတ်ချိန်မရလိုက်ပေမဲ့ ကျန်နေအိမ်က ပစ္စည်းတွေကိုတော့ နိုင်သလောက် သဲ့ထုတ်နိုင်ခဲ့တယ်လို့ မီးလောင်မှုဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သူက ဆိုပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို လာကြည့်သူတွေရဲ့ ဆိုင်ကယ် ၂ စီး ခိုးယူခံခဲ့ရတဲ့အပြင် မီးဘေးသင့်နေအိမ်တွေရဲ့ ပစ္စည်းအချို့လည်း ပျောက်ဆုံးမှုဖြစ်ပွါးခဲ့တယ်လို့ အထက်ပါသူကပဲ ပြောပါတယ်။ 





news-view-count-icon

13